Tuesday, December 31, 2013

သံယောဇဉ်ငှက်



သံယောဇဉ်

ငှက်ကလေး

နှလုံးသား

သစ်ကိုင်းပေါ်မှာ

ဝင်ရောက်ခိုနားနေခဲ့ပါတယ်

အချိန်တန်၍

ပြန်လည်ထွက်ခွာသွားတော့

ကိုင်းဖျားလေးမှာ

တစ်သိမ့်သိမ့်တုန်ခါ

ကျန်နေရစ်ပါတယ်

ပြန်လေသူမသိပေမယ့်

ကျန်လေသူရင်မှာ မချိပါဘူး.....။

သံယောစဉ်ငှက်ကလေးရေ....

ပြန်မလာတော့မှန်းသိပေမယ့်လဲ

ကိုင်းဖျားလေးကတော့

ရူးမိုက်စွာနဲ့

တမ်းတနေဆဲပါ.............

 ♫♪ နေရောင်♪♫

0 comments:

Post a Comment