Saturday, June 21, 2014

Windows 7 Nvidia Edition 2013 (64-bit) ( 3 - 93 Gb )



ဂိမ်းသမားတွေအကြိုက် ဂိမ်းကစားလို့ကောင်းတဲ့ Windows7 Gamer Edition တခုဖြစ်တဲ့ Windows 7 Nvidia
Edition 2013 (64-bit) Updated ကိုတင်ပေးလိုက်ပါပြီ။ဒီ Edition မှာ August(2013) ထိ Update နဲ့ AMD
Drivers,Nvidia Drivers,Video Grafic Drivers များအားလုံးပါဝင်ပါတယ်။
ဖိုင်ဆိုဒ်က 3-93 Gb ဖြစ်လို့ RAR ဖိုင်(၆) ခွဲပြီးတင်ထားပေးပါတယ်။
ဖိုင်အားလုံးကို ဒေါင်းလုပ်ယူပြီး WinRAR နဲ့ Extract လုပ်ပါ။ ISO ဖိုင်တဖိုင်ထဲ ပြန်ထွက်လာပါမယ်။
၎င်း ISO ဖိုင် ကို Bootable Image အဖြစ် DVD (or) USB Flash Drive မှာ Burn ပြီးဝင်းဒိုးတင်နိုင်ပါပြီ။
ဝသ်းဒိုးတင်ပြီးတာနဲ့ Activator ကို Run as Administrator ဖြင့် run လိုက်ပြီး Genuine ဖြစ်အောင်လုပ်ပါ။

Part 1  Download

Part 2  Download

Part 3  Download

Part 4  Download

Part 5  Download

Part 6  Download

Activator  Download

                   Screen Shots များကြည့်ရန်   ဒီမှာ ကလစ်ပါ

Friday, June 20, 2014

ဘယ်အငြိုးတွေကြောင့်လဲကွယ်


သူဌေးကညစ် money ကပျက်

စစ်သားကလိုက် ပြေးတော့ပစ်

ငါမြင်ကွင်းရှေ့ကအဖြစ်ဆိုးတွေ

သူတောင်းစားတွေတဲ့လား ပြောရက်လိုက်တာ

ငွေကိုင်ထားတဲ့လက်တွေနဲ့....

ဒေါသကိုယ်မြိုသိပ် အံကြိတ်လို့

မခံချင်စိတ်တွေနဲ့ခေါင်းငုံခဲ့ရတဲ့ ငါတို့အဖြစ်...!!

မိုးထဲလေထဲအိပ်စက်ရ အမိုးအကာမဲ့စွာနဲ့

ခြင်ကကိုက် ပျားကလိုက် ခွေးကကိုက်

အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရဲ့အသက်

မိုးဖွဲဖွဲလေးကြားမှာ ပျောက်ဆုံးခဲ့ရတယ် ...

ကံကြမ္မာကိုယ်ပဲအပြစ်တင်ရမှာ ဘယ်အငြိုးတွေကြောင့်လဲကွယ်

ဝဋ်ကြွေးရှိခဲ့ရင်ကျေပါစေတော့ ကျေစေတော့...!!

သြော်... ဒါဘဝတဲ့လား ခါးလိုက်တာ

အခုလို့ညနက်နက်မှာ ငါကဗျာဖွဲ့နေလေမိရဲ့

အခုချိန်ခါမှာ ဆာလောက်မူကိုယ်မြိုသိပ်

မိုးရေကလေးနဲ့အားဖြည့်ရင်း မနက်ဖြန်အတွက်

မျော်လင့်ချက်ယဲ့ယဲ့လေးနဲ့ ငါအသက်ဆက်ရှင်သန်နေခဲ့တယ်...!!

Nay Young

ပိုးဖလံလိုအချစ်


တိတ်တခိုးနဲ့ အရူးထနေမိဆဲ

အဖြူရောင်ပန်းပွင့်တွေကြား နင့်လက်ကိုယ်ဆွဲလို့

ကမ္ဘာတစ်ဖက်ကိုယ်ပြေးထွက်သွားချင်မိတဲ့ ငါ့စိတ်ကူးတွေရယ်

ဂီတာအိုလေးနဲ့ အချစ်တေးဆို ငိုမျက်ရည်လဲကျခဲ့ဖူးတယ် ...!!

ခြွေပါမေ... မဝေခင်ကတည်းကကြွေနေသူမို့

မရေမရာနဲ့ အပေအတေဆန်ဆန်လျှောက်လှမ်းနေဆဲ

ရင်တစ်ခုလုံးနွမ်းကြွေ ရမ်းခါနေဆဲဒီရင်ဘတ်

ဖွင့်ဟပြောခွင့်မရှိတဲ့ဘဝ ငိုခြင်းချလို့

ခံစားချက်ကိုယ်သီကုံး ကဗျာတွေနဲ့ငါပြုံးခဲ့တယ် .....!!

ငါအဖြစ်ကပိုးဖလံလေးတွေလိုပါပဲ မီးနားမှာတစ်ဝဲလည်လည်နဲ့

အဆုံးမှာသေရမှာသိရက်နဲ့ဝင်တိုးနေမိတယ်

အရုံးနဲ့ပါပဲ ခက်ဝေးဝေးကအပြုံးလေးတွေ

နင်မြင်နိင်ပါ့မလား ကောင်မလေးရယ်

ငါ့ဘဝနေဝင်ချိန်ထိနောက်ဆုံးပေးဆပ်သွားပါ့ရစေ

ပိုးဖလံလိုအချစ်မျိုးနဲ့လေ ...!!

Nay - Young