Friday, June 20, 2014

ဘယ်အငြိုးတွေကြောင့်လဲကွယ်


သူဌေးကညစ် money ကပျက်

စစ်သားကလိုက် ပြေးတော့ပစ်

ငါမြင်ကွင်းရှေ့ကအဖြစ်ဆိုးတွေ

သူတောင်းစားတွေတဲ့လား ပြောရက်လိုက်တာ

ငွေကိုင်ထားတဲ့လက်တွေနဲ့....

ဒေါသကိုယ်မြိုသိပ် အံကြိတ်လို့

မခံချင်စိတ်တွေနဲ့ခေါင်းငုံခဲ့ရတဲ့ ငါတို့အဖြစ်...!!

မိုးထဲလေထဲအိပ်စက်ရ အမိုးအကာမဲ့စွာနဲ့

ခြင်ကကိုက် ပျားကလိုက် ခွေးကကိုက်

အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရဲ့အသက်

မိုးဖွဲဖွဲလေးကြားမှာ ပျောက်ဆုံးခဲ့ရတယ် ...

ကံကြမ္မာကိုယ်ပဲအပြစ်တင်ရမှာ ဘယ်အငြိုးတွေကြောင့်လဲကွယ်

ဝဋ်ကြွေးရှိခဲ့ရင်ကျေပါစေတော့ ကျေစေတော့...!!

သြော်... ဒါဘဝတဲ့လား ခါးလိုက်တာ

အခုလို့ညနက်နက်မှာ ငါကဗျာဖွဲ့နေလေမိရဲ့

အခုချိန်ခါမှာ ဆာလောက်မူကိုယ်မြိုသိပ်

မိုးရေကလေးနဲ့အားဖြည့်ရင်း မနက်ဖြန်အတွက်

မျော်လင့်ချက်ယဲ့ယဲ့လေးနဲ့ ငါအသက်ဆက်ရှင်သန်နေခဲ့တယ်...!!

Nay Young

0 comments:

Post a Comment