Thursday, January 16, 2014

ရိုးရိုးလေးပါ...


ငါ့အနာဂတ်ကို  ငါ့ကိုယ်တိုင်ထုဆစ်ရင်း

မဖိတ်ခေါ်ပဲ ကြိုတင်စောင့်ကြိုနေတာ

ဖြေမသာတဲ့နွေကမ္ဘာ...

လောဘ ဒေါသနဲ့မောဟတွေကြားမှာ

ငါ့မာနပါးပါးလေးတောင်ပြိုလဲချင်နေပြီး

အားတင်းပြုံးနေရတဲ့ ငါ့ဘ၀ကို

ရင်ဖွင့်ပြရင် နင့်ပါးပြင်ထက်က

မျက်ရည်လေးကြွေလွှင့်သွားမှာ

ငါ့စိုးရိမ်တယ်တယ်ချစ်သူ

ဝေဒနာ အထပ်ထပ်နဲ့

ခရီးဆက်နေရတဲ့ လူတစ်ယောက်မို.

ဒဏ်ရာတွေ နောက်ထပ်မပေးပါနဲ့တော့လား

ငါ့ရိုးရိုးလေး တောင်းဆိုကြည့်မိတာပါ........

nay - young

0 comments:

Post a Comment