Wednesday, January 8, 2014
မြင်နိုင်မလား.......ချစ်သူ
စောစီးစွာကြွေရှာတဲ့ စံပယ်ပန်းမှ
သနားစရာကောင်းတာမဟုတ်ဘူး
တစ်ကောင်တည်း အဖော်ကွဲတဲ့ဥသြငှက်မှ
လွမ်းမောဖွယ်ကောင်းတာမဟုတ်ဘူး
တစ်ဖတ်သက်အချစ်နဲ့ မိန်းကလေး အချစ်မှ
မျှော်လင့်ရင်မော ကြေကွဲစရာကောင်းတာမဟုတ်ပါဘူး
ဖွင့်ဟပြောချင်ပေမဲ့  ရင်နစ်အောင် တိတ်ဆိတ်ငြိမ်သက်
ပြောခွင့်မရှိတဲ့  ယောင်္ကျားတယောက်ရဲ့   အချစ်ကလည်း
အရမ်းကိုနာကျင်ခံစား  သူမသိအောင် တိတ်ဆိတ်ကြေကွဲနေရတယ်
အသဲမမာတဲ့  ယောင်္ကျားထဲ ငါအပါဝင်ပေါ့ ချစ်သူရယ်
ရေတတ်ဦး ငါးဇင်ရိုင်းလို  ခဏလေးတွေ့ ပြီး ခဏလေးမချစ်ချင်ဘူး
ချစ်သူသိပါစေလေ ချစ်သူရဲ့  ကမ္ဘာတဖက်မှာ ကြယ်လေးတွေကြွေနေတယ်
ချစ်သူ ကြည့်ဖြစ်မှာ မဟုတ်ပါဘူး
မနက်ခင်းကို မျက်နှာမူ စောင့်နေတဲ့ 
နေကြာပန်းလေးကို နေမင်းကြီး ဂရုစိုက်မိမှာမဟုတ်ဘူး
လရောင်ရဲ့ အလင်းရမှ ပွင့်ရှာတဲ့  ပဒုမ္မာပန်းရဲ့အဖြစ်ကို
လမင်းကြီး သိမှာ မဟုတ်ပါဘူး
ချစ်သူရဲ့  နောက်ကျောမှာ ကြိတ်ကာ ငိုနေတဲ့  ငါ့ရဲ့  အဖြစ်ကိုလည်း
မသိနိုင်တော့ဘူးလား ချစ်သူရယ်.... မသိနိုင်တော့ဘူးလား
ဖိုးခွားလေး
1 comment: