Saturday, January 11, 2014

ကြွေပန်းတစ်ပွင့်ရဲ့  ဒိုင်ယာရီ

မဝေကတည်းက 

 စောစီးစွာကြွေနေရှာတယ် 

မမွှေးခင်ကတည်းက 

ရနံပြယ်နေတဲ့  ဒီပန်း 

ဒီလမ်းလေးမှာပဲ ခက်နွမ်းနွမ်းရှိနေတယ် 


ပညာမစုံသေးပါဘူး ကြင်ရာစုံချင်နေတယ်ထင်ပါရဲ့  

အချိန်မတန်သေးတဲ့  ဒီအရွယ် 

အိမ်ပြန်ချိန်တွေ နောက်ကျတတ်နေပြီ 

အလှဂုဏ်တွေမက်လို့  

 ငွေရဲ့ ကျေးကျွန်အဖြစ်နဲ့  

တဏှာရမ္မက်တွေကြား စီးမျောရင်း 

ဘာသာပျောက်နေတဲ့  မြန်မာမလေးရယ် 

ဘဝကိုဈေးကစားတဲ့  မင်းလေးကို အရမ်းနှမျောတယ် 


ပန်းကောင်းအညွှန်ချိုးခံရတာမဟုတ်ပဲ 

ကိုယ်အညွှန်ကိုချိုးနေသလို 

ပန်းတိုင်းမှာ ရနံမရှိပေမယ့် 

ပန်းတစ်ပွင့်တိုင်းမှာ ဒိုင်ယာရီဆိုတာရှိတယ် 


အစမကောင်းတဲ့ ခဲ့ တဲ့ ဒီပန်း 

နောက်ဆုံးကြွေချိန်မှာ

နင်းခြေခြင်းရဲ့  ပန်းရိုင်းတစ်ပွင့် 

မဖြစ်ပါစေနဲ့ လို့  ဆုတောင်းနေမိတယ် 

ပန်းရိုင်းတစ်ပွင့်နဲ့ တူတဲ့  

ဒိုင်ယာရီထဲက ကောင်မလေးရယ် ။


            ဖိုးခွားလေး (ကော့မှူးမြို့ )

0 comments:

Post a Comment